inner-new-banner-02

သတင်းများ

ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနုနုရီနှင့်သွားရောက်တွေ့ဆုံ

ရန်ကုန် ၊ မတ် ၂၃

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ၊ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ထွန်းဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့ (၂၃-၃-၂၀၂၆)ရက်နေ့ မနက်(၁၀)နာရီတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနုနုရီနှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)နှင့်ရန်ကုန်အဝေးသင်တက္ကသိုလ်တို့ MOUထိုးရန်ကိစ္စများ ၊ Exchange Programများနှင့် နိုင်ငံခြားသို့ထူးချွန်လူငယ်များစေလွှတ်နိုင်ရန်ကိစ္စများ ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင်ရှိသော ကျောင်းသူ/သားများ၏ ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ ၊ Youth Forumများ ၊ Conferenceများအား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စများ ၊ ကျောင်းစာကြည့်တိုက်အတွက်လိုအပ်မည့်စာအုပ်များ ၊ သင်ထောက်ကူပစ္စည်းများကိုပံ့ပိုးကူညီလှူဒါန်းနိုင်မှုအခြေအနေများအားဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသော ဒေါက်တာအိအိဟန်(စီမံ/ဘဏ္ဍာ) ၊ ဒေါက်တာသီတာထွေးဝင်း (သင်တန်းရေးရာ) ၊ ဒေါက်တာဌေးဌေး (သုတေသန)နှင့် ဌာနမှူးများဖြစ်ကြသော ဒေါ်နုနုဝင်း (သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန) ၊ ဦးသန်းစိန် (သင်တန်းရေးရာဌာန) ၊ ဦးသန်းလှိုင် (စီမံ/ဘဏ္ဍာဌာန)တို့တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲမှာ နေ့လည် (၁၁:၀၀)နာရီတွင် ပြီးဆုံးခဲ့ပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm