inner-new-banner-02

သတင်းများ

(၁၀-၄-၂၀၂၆)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့၌ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုပွဲအခမ်းအနားနှင့် ဂုဏ်ပြုနေ့လည်စာ စားပွဲအခမ်းအနားသို အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ ဖိတ်ကြားချက်အရ မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ဧပြီ ၁၀

(၁၀-၄-၂၀၂၆)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့၌ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုပွဲအခမ်းအနားနှင့် ဂုဏ်ပြုနေ့လည်စာ စားပွဲအခမ်းအနားသို အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ ဖိတ်ကြားချက်အရ မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကမှနေရာယူခဲ့ပြီးသည့်နောက်တွင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေငြာခဲ့ပါသည်။

ထို့နောက်အစည်းအဝေးမတက်ရောက်နိုင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အတွက်ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်း တင်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြောက်ခံရသူများက ပြည်ထောင်စုလွှတ်တော်နာယက၏ရှေ့မှောက်၌ကတိသစ္စာပြုခဲ့ကြပါသည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုအဆင့်အဖွဲအစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သော ပုဂ္ဂိုလ်များက ပြည်ထောင်စုလွှတ်တော်နာယက၏ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသိုတက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားပြီးသည့်နောက်တွင် သမ္မတ၏မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက က တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ကာ အစည်းအဝေးဆဋ္ဌမနေ့ပြီးဆုံးကြောင်းနှင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေးပြီးမြောက်ကြောင်း ကြေငြာခဲ့ပါသည်။

ကတိသစ္စာပြုပွဲအခမ်းအနားပြီးဆုံးချိန်တွင် ဂုဏ်ပြုနေ့လည်စာစားပွဲကို လွှတ်တော်ဝန်းအတွင်းရှိ ထမင်းစားခန်းမကြီးဆောင် (Bဆောင်)တွင် ဆက်လက်ကျင်းပခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားသို ပြည်သူ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ၊ နိုင်ငံတကာကိုယ်စားလှယ် (၅၀)ဦး ၊ နိုင်ငံပေါင်း (၂၃)နိုင်ငံနှင့်အဖွဲအစည်းနှစ်ခုအပြင် ပြည်တွင်းမှ လေ့လာသူများလည်းတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

#မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm