သတင်းများ
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှလူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းအား သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ခြင်း
၁၄ မေ ၊ ၂၀၂၆
နေပြည်တော်
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) (ဗဟို)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် သည် ယနေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းအား သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) (ဗဟို) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ ပြီးခဲ့သော (၈) နှစ်တာကာလ လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ ၂၀၂၆ ခုနှစ်အတွက် အသင်းကြီးအနေဖြင့် လျာထားဆောင်ရွက်မည့် လုပ်ငန်းစဥ်များအားလည်း ပြည်ထောင်စုဝန်ကြီးထံသို့ အစီရင်ခံ တင်ပြခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဥ်းပြီး ပြည်ထောင်စုဝန်ကြီးမှဖြည့်စွက် အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအားဆွေးနွေးခဲ့ပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) (ဗဟို) မှ အကြီးတန်းအကြံပေးအရာရှိ ဦးစည်သူ၊ အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ၊ ဗဟိုအလုပ်အမှုဆောင် ဦးကျော်စွာမင်းသိန်း၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးဟန်ထွန်းဦး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးခန့်မင်းသျှင်၊ တိုင်းအတွင်းရေးမှူး ဦးအောင်မင်းပိုင်၊ တိုင်းဘဏ္ဍာရေးမှူး ဦးသူမြတ်ထွန်း တို့လည်းပါဝင် တက်ရောက်ခဲ့ကြပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

