သတင်းများ
ရှန်ဟိုင်း ၊ ဇွန် ၆
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၂၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern လေကြောင်းလိုင်းဖြင့် ထွက်ခွာလာ ရာ တရုတ်နိုင်ငံစံတော်ချိန် (၂၂:၂၀)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ HongQiao လေဆိပ်သို့ရောက်ရှိခဲ့ကြရာ ရှန်ဟိုင်းစီးပွားရေးကောလိပ်/ နိုင်ငံတကာပညာရေး ကောလိပ်မှ ပရောဂျက်တာဝန်ခံ Ms.Liangboနှင့်အဖွဲ့မှလာရောက်ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် မေလ (၁၅)ရက်နေ့ မနက် (၉:၀၀)နာရီတွင် ရှန်ဟိုင်းမြို့ ၊ Zhongshan Westလမ်း၊ ရန်ဖူရပ်ကွက်ရှိ ရှန်ဟိုင်းစီးပွားရေးတက္ကသိုလ်၊ အခန်းအမှတ် (၁၁၂)၌ “မြန်မာ အားကစားသမားစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ” အခမ်းအနား ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှန်ဟိုင်းစီးပွားရေးကောလိပ် ကျောင်းအုပ်ကြီး Mr.Liu Bin နှင့် ဒုတိယကျောင်းအုပ်ကြီး Mr.Dai Ying၊ ရှန်ဟိုင်းစီးပွားရေး ကောလိပ်မှ ကောလိပ်ကျောင်းသားတိုက်ရိုက်ရွေးချယ်/အုပ်ချုပ်မှုကော်မတီအတွင်းရေးမှူး Mr.Chen Wei၊ ဒုတိယအတွင်းရေးမှူး Mr.Zhou Lihongနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး ရှန်ဟိုင်းစီးပွားရေးကောလိပ်၊ ကောလိပ်ကျောင်းသားရွေးချယ်/အုပ်ချုပ်မှုကော်မတီ အတွင်းရေးမှူး Mr.Chen Weiက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
(၁၆ – ၅ – ၂၀၂၆) ရက်နေ့ စာသင်ခန်းသင်ကြားခြင်းတွင် ရွေ့လျားမှုနှင့် စွမ်းအင်ဇီဝ ဖြစ်စဥ်အကြောင်းလေ့လာခဲ့ပါသည်။
(၁၇ – ၅ – ၂၀၂၆) ရက်နေ့ ဖြစ်စဥ်လေ့လာမှု(၁)တွင် အားကစားသမားများ၏ ကြံ့ခိုင်မှု စစ်ဆေးခြင်းဆိုင်ရာ ကိရိယာများကိုလေ့လာခဲ့ပြီး ရှန်ဟိုင်းမြို့ရှိ The Bund သို့လည်း သွားရောက်လေ့လာလည်ပတ်ခဲ့ပါသည်။
(၁၈ – ၅ – ၂၀၂၆) ရက်နေ့တွင် ရှန်ဟိုင်းမြို့ ၊ ဝမ့်ယုံလမ်း ၊ကျင့်အန်းရပ်ကွက် ၊ အမှတ် (၁၀၅၃) ရှိ UFC Elite Performance Centerသို့ မနက် (၉:၀၀)နာရီမှ (၁၂:၀၀) နာရီအထိ လည်းကောင်း။
(၁၉ – ၅ – ၂၀၂၆) ရက်နေ့တွင် ရှန်ဟိုင်းမြို့၊ ချီးချင်းလမ်း၊ မင်းဟုန်ရပ်ကွက်၊ အမှတ် (၃၀၅)ရှိ Kun Wei Sports Technology Co.Ltd နှင့် ချင်းယွမ်ပတ်လမ်း၊ ရန်ဖူရပ်ကွက်၊ အမှတ် (၆၅၀) ရှိ ရှန်ဟိုင်းအားကစားတက္ကသိုလ်၏အားကစားပြတိုက်သို့ (၁၄:၀၀) နာရီမှ (၁၇:၀၀) အထိ လည်းကောင်း။
(၂၀ – ၅ – ၂၀၂၆) ရက်နေ့တွင် ရှန်ဟိုင်းမြို့၊ ပေရန်းလမ်း၊ ချိန်ကျား/ချုံမင်ရပ်ကွက်၊ အမှတ် (၃၀၀)ရှိ ရှန်ဟိုင်းမြို့ အားကစားဌာန၊ ချုံမင်အားကစားလေ့ကျင့်ရေးအခြေစိုက်စခန်းနှင့် ကျူမင်လမ်း၊ ဟွမ်ဖူရပ်ကွက်၊ အမှတ် (၇၉၆) ရှိ အပြည်ပြည်ဆိုင်ရာစားပွဲတင် တင်းနစ် ပြတိုက်သို့ (၁၄:၀၀) နာရီမှ (၁၇:၀၀) နာရီအထိ လည်းကောင်း။
(၂၁ – ၅ – ၂၀၂၆) ရက်နေ့တွင် ရှန်ဟိုင်းမြို့၊ နန်ကျင်းအနောက်လမ်း၊ ယွမ်ဖူရပ်ကွက်၊ အမှတ် (၁၅၀) ရှိ ရှန်ဟိုင်းအားကစားပြတိုက်သို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြပြီး
(၂၂ – ၅ – ၂၀၂၆) ရက်နေ့ စာသင်ခန်းသင်ကြားမှုတွင် Barbell လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပါသည်။
(၂၃ – ၅ – ၂၀၂၆) ရက်နေ့ စာသင်ခန်းသင်ကြားမှုတွင် လေ့ကျင့်ရေး၊ သိပ္ပံနှင့်ဆေးပညာ ပေါင်းစပ်ဖွဲ့စည်းမှုပုံစံအဖွဲ့၏ တည်ဆောက်ခြင်းနှင့်လည်ပတ်ခြင်းအကြောင်းအရာများနှင့်
(၂၄ – ၅ – ၂၀၂၆) ရက်နေ့ စာသင်ခန်းသင်ကြားမှုတွင် အားကစားဒဏ်ရာ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သောအကြောင်းအရာများအား လေ့လာသင်ကြားခဲ့ကြ ပါသည်။
(၂၅ – ၅ – ၂၀၂၆) ရက်နေ့နှင့် (၂၆ – ၅ – ၂၀၂၆) ရက်နေ့တို့တွင် ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့၊ ဂုံဆုရပ်ကွက်၊ ကျဲ့ကျန်းအားကစားသိပ္ပံသုတေသနစင်တာနှင့် ရှောင်စန်းရပ်ကွက်ရှိ ကျဲ့ကျန်း အားကစား အသက်မွေးဝမ်းကျောင်းနှင့်နည်းပညာကောလိပ်သို့လည်းကောင်း။
(၂၇ – ၅ – ၂၀၂၆) ရက်နေ့နှင့် (၂၈ – ၅ – ၂၀၂၆) ရက်နေ့တို့တွင် ကျန်းစူးပြည်နယ်၊ နန်ကျင်းမြို့ရှိ နန်ကျင်းအားကစားကောလိပ်၊ တရုတ်တင်းနစ်ကောလိပ်၊ နန်းကျင်းအိုလံပစ်အားကစား စင်တာနှင့် ကျန်းစူးပြည်နယ် အားကစားဌာန၊ ရှန်းလင်လေ့ကျင့်ရေးစင်တာသို့လည်းကောင်း သွားရောက်လေ့လာခဲ့ပြီး
(၃၀ – ၅ – ၂၀၂၆) ရက်နေ့တွင် ဥာဏ်ရည်တု Ai နည်းပညာကို အားကစားတွင်အသုံးချမှု အကြောင်း လေ့လာသင်ကြားခွင့်ရရှိခဲ့ကြပါသည်။
ထို့နောက် (၁ – ၆ – ၂၀၂၆) ရက်နေ့တွင် ရှန်ဟိုင်းမြို့၊ ဟုချင်းဖျင်လမ်း၊ ချင်းဖူရပ်ကွက်၊ အမှတ် (၆၈၈၈) ရှိ ရှန်ဟိုင်းမြို့ အားကစားရုံး၊ Oriental Green Boat လေ့ကျင့်ရေးအခြေစိုက် စခန်းနှင့် ခေါ့ကျီယွမ်လမ်း၊ ချင်းဖူရပ်ကွက်ရှိ “ကျူကျားကျောင်” စံပြကျေးလက်ဒေသသို့ (၀၉:၀၀) နာရီမှ (၁၇:၀၀) နာရီအထိလည်းကောင်း။
(၂ – ၆ – ၂၀၂၆) ရက်နေ့တွင် ရှန်ဟိုင်းမြို့၊ ချင်းယွမ်ပတ်လမ်း၊ ရန်ဖူရပ်ကွက်၊ အမှတ် (၅၅၅) ရှိ ရှန်ဟိုင်းအားကစားတက္ကသိုလ်၊ အားကစားကျန်းမာရေးကောလိပ်၊ သင်ကြားရေးနှင့် သုတေသနစမ်းသပ်ရေးဌာနသို့ (၁၄:၀၀) နာရီမှ (၁၇:၀၀) အထိလည်းကောင်း သွားရောက်၍ လေ့လာခွင့်ရရှိခဲ့ကြပြီး
(၃ – ၆ – ၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် အားကစားပြုလုပ်ရာတွင် အာရုံစူးစိုက်မှုနှင့်တုံ့ပြန်မှု၊ စိတ်ဖိစီးမှုနှင့်ထိမ်းချုပ်မှုအကြောင်းအရာများသင်ကြားခဲ့ကြပြီး ညနေပိုင်းတွင် နှုတ်ဆက် ဧည့်ခံပွဲအခမ်းအနားအားကျင်းပခဲ့ပါသည်။
(၄ – ၆ – ၂၀၂၆) ရက်နေ့တွင် ရှန်ဟိုင်းစီးပွားရေးကောလိပ်၌ သင်တန်းဆင်းပွဲအခမ်းအနား အားကျင်းပခဲ့ပြီး
(၅ – ၆ – ၂၀၂၆) ရက်နေ့ တရုတ်စံတော်ချိန် (၂၂:၀၅) မိနစ်တွင် ရှန်ဟိုင်းမြို့၊ Pudong လေဆိပ်မှ China Southern လေကြောင်းလိုင်းဖြင့်ပြန်လည်ထွက်ခွာလာရာ (၀၀:၃၀) နာရီတွင် Guang Zhouမြို့၊ BaiYunလေဆိပ်သို့လည်းကောင်း၊ (၆ – ၆ – ၂၀၂၆) ရက်နေ့ (၀၈:၃၀) နာရီတွင် BaiYunလေဆိပ်မှဆက်လက်ထွက်ခွာခဲ့ရာ မြန်မာစံတော်ချိန် (၁၀:၁၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
“မြန်မာအားကစားသမား စွမ်းရည်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ” ကိုတရုတ်နိုင်ငံ ကုန်သွယ်ရေးဦးစီးဌာနနှင့် ရှန်ဟိုင်းစီးပွားရေးတက္ကသိုလ်တို့၏ စီစဥ်ကြီးကြပ်မှု၊ ရှန်ဟိုင်း အားကစားတက္ကသိုလ်နည်းပြကောလိပ်၊ ရှန်ဟိုင်းအားကစားတက္ကသိုလ် စီးပွားရေးနှင့် စီမံခန့်ခွဲမှုကောလိပ်တို့၏ ထောက်ပံ့မှုတို့ဖြင့် (၁၅ – ၅ – ၂၀၂၆) ရက်နေ့မှ (၄ – ၆ – ၂၀၂၆) ရက်နေ့အထိ ရှန်ဟိုင်းအားကစားတက္ကသိုလ် အပြန်အလှန်ဆက်သွယ်ရေးစင်တာ၌ ဆွေးနွေး ပို့ချခဲ့ကြောင်း သိရှိရပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

