inner-new-banner-02

သတင်းများ

ရန်ကုန်၊ ဇွန် ၇

(7 – 6 – 2026) ရက်နေ့တွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်၌ ကျင်းပခဲ့ပါသည်။

ပထမဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးစစ်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားပစ္စည်းများကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးထိန်လင်းထံသို့လည်းကောင်း၊ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးထံသို့လည်းကောင်းပေးအပ်ခဲ့ပါသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦးက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်ဟောပြောပို့ချခဲ့ရာ “နိုင်ငံတော်တည်ဆောက်ရေးတွင် လူငယ်များ၏အခန်း ကဏ္ဍသည် မည်မျှအရေးပါမှုနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များအား စနစ်တကျ ပြုစုပျိုးထောင်ရန်လိုက်အပ်ချက်များကို မျှဝေဆွေးနွေးခဲ့ပြီး လူငယ်မောင်မယ်များ မှလည်း မိမိတို့သိရှိလိုသည်များကို ပြန်လည်၍မေးမြန်းဆွေးနွေးခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ လူငယ် ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခန့်မင်းသျှင်၊ ဘဏ္ဍာရေးမှူး ဦးအောင်မင်းပိုင်၊ စာရင်းစစ် ဦးအောင်မင်းမြတ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm