inner-new-banner-02

သတင်းများ

မန္တလေး၊ ဇွန် ၁၁

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) (ဗဟို) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ ဗဟို အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ထွန်းဦးနှင့် တိုင်းဒေသကြီးအဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည် နှင့်တွေ့ဆုံ၍ အနာဂတ်တွင် နိုင်ငံတော်အား ဦးဆောင်ကြမည့် လူငယ်များ၏ အရည်အသွေး များပိုမိုတိုးတက်စေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား တွေ့ဆုံဆွေးနွေး လမ်းညွှန်မှုခံယူခဲ့ပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm