သတင်းများ
ဧရာဝတီ၊ ဇွန် ၁၄
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုကြပြီးနောက် ကျောင်းသား/သူများ၏ “အနာဂတ်ပန်း” တေးသီချင်း၊ “လူငယ့်အားမာန် တိုင်းပြည်အဖိုးတန်” သီချင်းများဖြင့် တင်ဆက်မှုများကို ကြည့်ရှုအားပေးကြပါသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် “လူငယ်များအနေဖြင့် နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ထွန်းလာစေရေး၊ မိမိတို့ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို မြင့်မားအောင် စွမ်းဆောင်လိုသည့်စိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သတ်သတ် မှတ်မှတ် အလေးထားဆောင်ရွက်နိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီး ဌာနတစ်ခုအဖြစ် နိုင်ငံတော်သမ္မတကြီးမှ တိုးချဲ့ဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊ လူငယ် အကျိုးကို တစ်စိုက်မတ်မတ် လုပ်ဆောင်နိုင်ရန် တာဝန်ပေးအပ်လိုက်ခြင်းလည်း ဖြစ်ပါကြောင်း၊ လူငယ်တို့၏ အရည်အသွေးမြင့်မားရေးတွင် အဓိကကျသည့် ဝေဖန်ပိုင်းခြား တွေးခေါ်မှု၊ ပြဿနာများကို စနစ်တကျ ဖြေရှင်းနိုင်စွမ်းနှင့် စွမ်းဆောင်မှုအရည်အသွေး မြှင့်တင်ရန် လူငယ်ဖိုရမ်များ၊ လူငယ်စကားဝိုင်းများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ယခုကျင်းပသည့် ဟောပြောပွဲသည် လူငယ်များ အရည်အသွေးမြင့်မားစေရန် လှေကားထစ် တစ်ခုအဖြစ် ဖော်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ လူငယ်များ၏ ခွန်အား၊ စိတ်အားထက်သန်မှု၊ တီထွင်ဖန်တီးနိုင်သည့် စွမ်းအားနှင့် ခေတ်မီနည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်စွမ်း များကြောင့် လူမှုအသိုက်အဝန်းအတွက် အရေးကြီးသည့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါ ကြောင်း၊ လူငယ်များ၏ဘဝတွင် ဗလငါးတန်၊ ပညာ့မာန်ဖြင့် နိုင်ငံတော်၏ အနာဂတ်ပဲ့ ကိုင်ရှင်များဖြစ်အောင် ကြိုးစားပြီး ငြိမ်းချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ထုဆစ်ပုံဖော်ရာတွင် ရှေ့တန်းမှ တက်ကြွစွာပါဝင်နိုင်ကြသူများအဖြစ် သမိုင်းစာမျက်နှာများတွင် မော်ကွန်းတင်ခံရသူများဖြစ်ကြသည်အထိ စွမ်းဆောင်နိုင်ပါစေ ကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုး မဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည်နှင့်အညီ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း ထူးခြားသည့် အင်အားစု တစ်ရပ်ဖြစ်သည့် အတွက် အနာဂတ်နိုင်ငံတော်၏ အကောင်းအဆိုးသည် လူငယ်များ၏စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တာဝန်ယူမှု/တာဝန်ခံမှုတို့ အပေါ်မှီတည်နေပါ ကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့သားကောင်း လူငယ်များပေါ်ထွန်းလာစေ ရေးအတွက် နိုင်ငံတော်မှ အလေးထား ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း” ပြောကြားခဲ့ ပါသည်။
အမှာစကားများပြောကြားပြီးသည့်နောက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ကဏ္ဍပေါင်းစုံရှိ လူငယ်များမှ သိလိုသည်များကို ဆွေးနွေး မေးမြန်းကြရာ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ ပါသည်။
ယင်းနောက် စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ် ဖြင့် လူငယ်များအတွက် အသိပညာပေး ဟောပြောခဲ့ပါသည်။
အခမ်းအနားအပြီးတွင်ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန ရုံးတည်ဆောက်မည့် လျာထားမြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

