သတင်းများ
ရန်ကုန်၊ မေ ၂၈
အဆိုပါအခမ်းအနားသို့ လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးခန့်မင်းသျှင်၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်မင်းပိုင်၊ တိုင်းဒေသကြီးဘဏ္ဍာရေးမှူး ဦးသူမြတ်ထွန်း၊ စာရင်းစစ် ဦးအောင်မင်း မြတ်နှင့် အလုပ်အမှုဆောင်များ၊ လူငယ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ “လူငယ်များသည်နိုင်ငံတော်၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်း ကဏ္ဍမှရှိပါကြောင်း၊ လူငယ်များအနေဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိလာစေရန်၊ သတ္တိရှိလာစေ ရန်နှင့် အနာဂတ်တွင်ခေါင်းဆောင်မှုတာဝန်များ ကိုထမ်းဆောင်နိုင်စေရန်အတွက် ကြိုးစားကြရန်နှင့် ပညာရေးနှင့်စဥ်ဆက်မပြတ်လေ့လာသင်ယူမှုများ၏ အရေးပါမှုများကို လည်း အလေးအနက်ထား၍ပြောကြားခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပြီးတက်ကြွစွာ ပါဝင်ဆောင်ရွက် နေကြသော လူငယ်ကိုယ်စားလှယ် (၄)ဦးပါဝင်သည့် Panel Discussion ကို ဆက်လက် ကျင်းပခဲ့ပြီး ဆွေးနွေးမှုများတွင် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးကို မည်သို့မြှင့်တင်ဆောင်ရွက်သင့်သည်”ကို အဓိကထား၍ ဆွေးနွေးခဲ့ရာ အဓိက အချက်များအနေဖြင့် “မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း၊Personal Branding တိုးတက်စေခြင်း၊ ရည်မှန်းချက်ထားရှိပြီးကြိုးစားလုပ်ဆောင်ခြင်းနှင့်အရှုံးမပေးဘဲ ဇွဲရှိရှိ ဆက်လက်ကြိုးစားခြင်း” တို့ကိုအထူးအလေးထားဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားတွင် လူငယ်များ၏ Taekwondoသရုပ်ပြဖျော်ဖြေမှုများနှင့် မြန်မာ့ရိုးရာခြင်း အလှခတ်ခြင်းများနှင့် လည်း ဧည့်ခံဖျော်ဖြေခဲ့ပါသည်။
ယခုကျင်းပပြုလုပ်ခဲ့သော လူငယ်စကားဝိုင်းအခမ်းအနားသည် အနာဂတ်တွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့်လူငယ်ထုအတွက် အဓိပ္ပါယ်နှင့်ပြည့်စုံ၍ စိတ်ဓာတ်တက်ကြွစရာ ကောင်းသည့် အတွေ့အကြုံကောင်းများရရှိခဲ့ပြီး လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖိုးထိုက်တန်သော အသိအမြင်များနှင့် စိတ်ဓာတ်ခွန်အားများကို ပေးစွမ်းခဲ့ပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

