inner-new-banner-02

သတင်းများ

ဧရာဝတီ ၊မေ ၂၉

ဧရာ၀တီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်” ခေါင်းစဉ်ဖြင့်ကျင်းပသော ပြည်သူ့စကားဝိုင်းကို ယနေ့(29-5-2026) ရက်နေ့ မနက်(9:00)နာရီအချိန်က ကြံခင်းမြို့နယ် ဧရာဦးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ ကြံခင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ (ခေတ္တ) ဥက္ကဋ္ဌ ဦးကျော်မင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးပြည့်ဖြိုးအောင်၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲနိုင်၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်၊ ကြံခင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်၀င်းမောင်၊ လ/ထမြို့နယ်ပညာရေးမှူး ဦးတိုးတိုးနှင့် ကျန်းမာရေးမှူး ဦးကျော်ဆန်းတို့မှ “မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး” နှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့် ကင်းဝေးစေရန်အတွက် ဆရာ/မိဘ ပူးပေါင်းဆောင်ရွက်ကြရန်၊ မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ကျန်းမာရေးအတွက်ဆိုးကျိုးများ စသည်တို့ကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊လူမှုရေးအသင်းအဖွဲ့ များ ၊ ဆရာ/မများ ၊ ကျောင်းသား/သူ အင်အား (၁၉၈) ဦး တက်ရောက်ပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(MYDA)၏ ဗဟိုအလုပ်အမှုဆောင်(ဧရာ၀တီတိုင်းဒေသကြီး-MYDA ဥက္ကဋ္ဌ) ဦးအောင်ဆန်း၀င်း၊ တိုင်းဒေသကြီး-MYDA ဘဏ္ဍာရေးမှူး ဦးဖြိုးမင်းသက်၊ တိုင်းဒေသကြီး-MYDA စာရင်းစစ် ဦးဇာနည်အောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တို့က မူးယစ်ဆေး ဝါးအန္တရာယ်နှင့်ပတ်သက်၍မေးခွန်းများ မေးမြန်းခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အားဖြည့်အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm