inner-new-banner-02

လှူဒါန်းမှုများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကျောင်းသုံးဗလာစာအုပ်များပေးအပ်လှူဒါန်းခဲ့ခြင်း

ဧရာဝတီ ၊ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၀န်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ (၂၀-၆-၂၀၂၆) ရက်နေ့ မနက် (၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပပြုလုပ်ရာ ၀န်ထမ်းသား/သမီး(၄၀)ဦးအား ထောက်ပံ့ရန် ဗလာစာအုပ် (၁၀) ဒါဇင်ကို မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဧရာ၀တီတိုင်းဒေသကြီး)တာ၀န်ခံ ဦးအောင်ဆန်း၀င်းမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဌ ဦးကျော်မင်းထက်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကျောင်းသား/ သူများအားလည်း ဧရာ၀တီတိုင်းဒေသကြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အဟာရဒါနအဖြစ် နံနက်စာ မုန့်ဟင်းခါး ဧည့်ခံကျွေးမွေးခဲ့ပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm