inner-new-banner-02

လှူဒါန်းမှုများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမြန်လမ်း (၂၀၄) မိုင် (၄) ဖာလုံ ရှိ အာစိဏ္ဏသိရီ ပရဟိတ-ဝိပဿနာ(မိဘမဲ့)ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့ခြင်း

နေပြည်တော်၊ ဇွန် ၂၂

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးကိုကိုအောင်(ခ)ဦးရဲရင့်နှင့် အဖွဲ့ဝင်များသည် ယနေ့ (၂၂ – ၆ – ၂၀၂၆) ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမြန်လမ်း (၂၀၄) မိုင် (၄) ဖာလုံ ရှိ အာစိဏ္ဏသိရီ ပရဟိတ-ဝိပဿနာ(မိဘမဲ့)ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ် (၅၀) ဒါဇင် အား သွားရောက်၍ ထောက်ပံ့လှူဒါန်းခဲ့ရာ ကျောင်းထိုင်ဆရာတော် ဦးဉာဏသီရိ(ကိုယ်စား)၊ တာဝန်ခံဆရာတော် ဦးဝိလာသမှ လက်ခံရယူခဲ့ပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးလျှက်ရှိသကဲ့သို့ နိုင်ငံအတွင်းတွင် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကူညီပါဝင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm