inner-new-banner-02

သတင်းများ

ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်အဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ တက်ရောက်ခဲ့ခြင်း

နေပြည်တော်၊ မေ ၁၈

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် ယနေ့ (၁၈ – ၅ – ၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူငယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားခဲ့ရာတွင် “လူငယ်ရေးရာဝန်ကြီး ဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ လူငယ်များအနေဖြင့် သမိုင်းကြောင်းအစဥ်အလာကောင်းမွန်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကို ပူးပေါင်းဆောင်ရွက်နိုင်ရေးသည် ယနေ့အခမ်းအနားသို့တက်ရောက်လာကြသော အသင်း အဖွဲ့ကြီးများတွင်ရှိသည့် လူငယ်များ၏သမိုင်းပေးတာဝန်ပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်အတွက် အသင်းအဖွဲ့ကြီး များနှင့် မိမိတို့ဝန်ကြီးဌာန အသီးသီးတို့မှ ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော အသင်းအဖွဲ့ကြီးများမှ တာဝန်ရှိသူများက သိလိုသည် များကိုမေးမြန်းအကြံပြုဆွေးနွေးကြရာ “မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဗဟိုမှ အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေနှင့် ရန်ကုန်တိုင်းဒေသကြီး(MYDA) ဥက္ကဋ္ဌ ဦးခန့်မင်းသျှင်တို့မှ ဆွေးနွေးအကြံပြုရာတွင် “မိမိတို့အသင်းကြီးအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသင်းကြီးစတင်ဖွဲ့စည်းခဲ့သည့် (၂၀၁၈)ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ သက်ဆိုင်ရာဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် ငလျင်ဘေး များတွင်လည်းတက်တက်ကြွကြွ ကူညီပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြားအဖွဲ့အစည်းများ အနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်စေရေးသင်တန်းများဖွင့်လှစ်ပါကလည်း မိမိတို့အသင်းတွင် သင်ကြားပို့ချပေးနိုင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များရှိသဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ မိမိတို့အသင်းကြီးအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်နှင့် နိုင်ငံတော်အတွင်းရှိ လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် မည်သည့်အဖွဲ့ အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးချုပ်ထွန်းထွန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ဦးမင်းသော်အေး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးထွန်းထွန်းဝင်း၊ ဦးသက်လွင်ဦး၊ ဒေါ်ရွှေရည်သက်ထားတို့တက်ရောက်ခဲ့ကြပြီး လူငယ်အဖွဲ့အစည်းများအနေဖြင့် မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၊ နေပြည်တော်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ နေပြည်တော်အတွင်းရှိပရဟိတအသင်း (၁၀) သင်းမှတာဝန်ရှိသူများ၊ နေပြည်တော် စွန့်ဦးတီထွင်လူငယ်အသင်း၊ နေပြည်တော်စက်မှုလက်မှုကုန်သည်ကြီးများအသင်း (NICC)၊ နေပြည်တော် MSME၊ Internation Leadership College (ILC)၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ၊ ရှမ်းတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့နှင့် နေပြည်တော်အမျိုးသမီးအားကစားဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm