inner-new-banner-02

သတင်းများ

ပြင်ဦးလွင်၊ ဇွန် ၁၆

လူငယ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (ပြင်ဦးလွင်)တို့ ပူးပေါင်း ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ (၁၆ – ၆ – ၂၀၂၆)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သူနာပြုသားဖွားသင်တန်းကျောင်း ၌ကျင်းပပြုလုပ်ခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိ၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်၊ ပြင်ဦးလွင်ခရိုင်၊ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ကြူကြူ၊ စာရေးဆရာ ဦးရွှေအောင်သင်း၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ၊ ဗဟိုအလုပ်မှုဆောင် ဦးဟန်ထွန်းဦး၊ တိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးဇော်ဝင်းထက်၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ ဆရာမကြီးများနှင့် သင်တန်းသူ (၁၄၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှိုင်ဋ္ဌေးအောင်က လူငယ်ကဏ္ဍ (၁၆) ရပ်နှင့်ပတ်သက်၍လည်းကောင်း၊ စာရေးဆရာ ဦးရွှေအောင်သင်းမှ “အနာဂတ်တိုင်းပြည်လှပဖို့ ငါတို့ ရှင်သန်စို့” ခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသောသူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ပြင်ဦးလွင်ခရိုင်၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သင်းသင်းအိက ပြန်လည်၍ ရှင်းလင်းဖြေကြားပေးခဲ့ပြီး မေးခွန်းများမေးမြန်းပေးခဲ့ကြသော သင်တန်းသူများအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ အမှတ်တရ လက်ဆောင်ပစ္စည်းများကိုပြန်လည်ပေးအပ်ခဲ့ကြပါသည်။

#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm