လှူဒါန်းမှုများ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျွန်းရောင်းစံပြကျေးရွာမှ ရေဘေးသင့်ပြည်သူများ (အိမ်ထောင်စု ၁၃၀ ကျော် လူဦးရေ ၈၀၀ ခန့်)အား လူသုံးကုန်ပစ္စည်းများနှင့်အစားအသောက်များ သွားရောက်လှူဒါန်းခဲ့ပါသည်…
လှူဒါန်းခဲ့သည့်ပစ္စည်းများ
~~~~~~~~~~~~~~
၁။ ပုဆိုး….၁၀၀ ထည်
၂။ အင်္ကျီ….၁၅၀ ထည်
၃။ သွားတိုက်တံ….၂၀၀ ချောင်း
၄။ သွားတိုက်ဆေး
၅။ အမွှေးခဲဆပ်ပြာ….၁၃၀ ခဲ
၆။ ခေါင်းလျှော်ရည်…၆၀၀ ထုပ်
၇။ ပေါင်မုန့်….၂၀၀ထုပ်
၈။ ခေါက်ဆွဲခြောက်….၄၀၀ထုပ်
၉။ ရေသန့်ဘူး…..၂၀၀ ဘူး
၁၀။ ဖယောင်းတိုင်ထုပ်…၂၆၀ ထုပ်
၁၁။ အမျိုးသမီးလစဥ်သုံးပစ္စည်းများ
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူငယ်များ၏ ဗလ (၅) တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရန်နှင့် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုရေးကဏ္ဍနှင့် သဘာဝဘေးအန္တရယ် များ ကျရောက်လာပါက ပရဟိတစိတ်ဓါတ်ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်။ "