လှူဒါန်းမှုများ
နေပြည်တော် ဇွန်၂၃
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို ပူးပေါင်း ကျင်းပသည့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့(၂၃-၆-၂၀၂၆) ရက်နေ့၊ မနက်(၉:၃၀)အချိန်တွင် နေပြည်တော် ၊ ပုဗ္ဗသီရိမြိုရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီး အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။
ထိုနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဖွင့်အမှာစကားပြောကြားပြီးသည့်နောက်တွင် လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွန်းခမ်းမှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းမှ နေပြည်တော်စွန်းဦးတီထွင်လုပ်ငန်းရှင် ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင် ဦးအောင်မျိုးသန့်နှင့် အထက (၃) ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းနွန်းခမ်းအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမပိုင်း အခမ်းအနား အစီအစဉ်ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအား ကျင်းပခဲ့ရာ နေပြည်တော်စွန်းဦးတီထွင်လုပ်ငန်းရှင် ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်ဦးအောင်မျိုးသန့်က”လူငယ်နှင့်မိုဘိုင်းဖုန်း/မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး နေပြည်တော် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက တက်ရောက်လာကြသော ကျောင်းသား/သူလေးများအား ဉာဏ်စမ်း ပဟေဠိမေးခွန်းများမေးမြန်းခဲ့ပါသည်။
ထိုနောက် ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေကြားပေးခဲ့ကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ခဲ့ပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁) ၊ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ၊ ဒုတိယဝန်ကြီး ဦးစစ်နိုင် ၊ နေပြည်တော် ကောင်စီဝင်ဦးထွန်းထွန်း ၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ ၊ခရိုင်/မြိုနယ်ပညာရေးမှူးများ ၊ မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း (MYDA)မှ နေပြည်တော် ပြည်ထောင်စုနယ်မြေတာဝန်ခံ ၊ ဗဟိုအလုပ်အမှုဆောင် ဦးကိုကိုအောင်(ခ)ဦးရဲရင့်နှင့် အဖွဲဝင်များ၊ အထက(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွန်းခမ်း၊ဆရာ/မများနှင့် ကျောင်းသား/သူ(၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

