inner-new-banner-02

လှူဒါန်းမှုများ

ရန်ကုန် ဇွန် ၂၆

မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)၏ ဒုတိယဥက္ကဋ္ဌ(၃) ဦးခန့်မင်းသျှင်နှင့် ရန်ကုန် တိုင်းဒေသကြီးအလုပ်အမှုဆောင်များဖြစ်ကြသော ဦးသန့်သီဟန်ဇော် ၊ ဦးသူမြတ်ထွန်း ၊ ဦးအောင်မင်းပိုင် တိုသည် ယနေ့ ၂၀၂၆ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၊ လှိင်သာယာမြိုနယ်ရှိ ဉာဏ်ရည်မသန်စွမ်းဖွံဖြိုးရေး သင်တန်းကျောင်း (Intellectual Disability Development Center- IDDC)၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ ကျောင်းသုံး ပစ္စည်းများဖြစ်သည့် စာအုပ် (၃၀)ဒါဇင် ၊ ဘောပင် (၃၇၅)ချောင်း ၊ ခဲဖျက် (၁၈၀)ခု ၊ ခဲတံ (၂၄)ဒါဇင်နှင့် ခဲတံချွန်စက် (၅) ဘူးတိုကို ဉာဏ်ရည်မသန်စွမ်းဖွံဖြိုးရေးသင်တန်းကျောင်း (IDDC) သို ထောက်ပံ့ လှူဒါန်းခဲ့ရာ တာဝန်ခံဆရာမကြီး ဒေါ်ခင်သန်းနွယ်မှ လက်ခံရယူခဲ့ပါသည်။
မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊ ဘောဂဟူသောဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်အတွက် စဥ်ဆက်မပြတ် ပြုစုပျိုးထောင်မြေတောင် မြှောက်ပေးလျှက်ရှိသကဲ့သို နိုင်ငံအတွင်းတွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊မိတ်ဖက်အဖွဲအစည်းများနှင့်ပူးပေါင်း၍ ကူညီပါဝင်ဆောင်ရွက်ပေး လျှက်ရှိပါသည်။

မြန်မာလူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm