inner-new-banner-02

“မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အထ္ထုပ္ပတ္တိအကျဉ်း”

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ Myanmar Youth Development Association (MYDA) အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် အသင်းဝင်အင်အား (၁၂၀) ဦးဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်သည့် အသင်းအဖွဲ့ စည်းမျဉ်းမူဝါဒအသစ်အရ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းအား ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်ရရှိစေရန် လုပ်ထုံးလုပ်နည်း များနှင့်အညီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ခံ ချက်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၁ /ပြည်တွင်း / ၀၀၁၇(၂၀၂၂) ဖြင့် ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင် လက်မှတ်ရရှိခဲ့ပါသည်။ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် အသင်းစတင်ဖွဲ့စည်းချိန်မှစ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားရှိသည့် မူဝါဒများ၊ ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့၏ အသင်းအဖွဲ့စည်းမျဉ်းဥပဒေများနှင့်အညီ မြန်မာလူငယ်များ၏ ကိုယ်ရည် ကိုယ်သွေး၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာအတွေ့အကြုံကောင်းများ ရရှိစေရေးနှင့် နိုင်ငံချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်ရှိလာစေရေး၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ရေး အတွက် လူငယ့်အားမာန်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်မှ လူမှုရေးဦးတည်ချက် တစ်ခု ဖြစ်သည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် အတိုင်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(MYDA) အနေဖြင့် အစိုးရဝန်ကြီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ လူငယ်အဖွဲ့အစည်းများ၊ လူငယ်ရေးရာ ဦးစီးဌာနနှင့်အတူ မြန်မာလူငယ်များ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါကလည်း အသင်း အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထိုဒေသများသို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်လျက်ရှိပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm