inner-new-banner-02

ASEAN YOUTH ခရီးစဉ်တွင် မမိုးသဉ္ဇာခိုင်မှ မြန်မာနိုင်ငံ၏ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ဆွေးနွေးခဲ့ခြင်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ထူးချွန်လူငယ်တစ်ဦးဖြစ်သည့် ပြင်ဦးလွင်မြို့မှ မမိုးသဥ္ဇာခိုင် ၂၀၂၅ ခုနှစ်၏ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသည့် “Youth For A Sustainable Future: Empowering Inclusion And Driving Change In ASEAN” “4th ASEAN Youth Dialogue 2025” and “ASEAN Youth Interface with ASEAN Leaders during the 46th ASEAN Summit 2025” သို့ပါဝင်တက်ရောက်ခဲ့ပါသည်။

အစီအစဉ်များမှာ ဖွင့်ပွဲအခမ်းအနားအား မလေးရှားနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ဝန်ကြီး H.E YB Hannah Yeoh မှဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး Introduction of the 4th ASEAN Youth Dialogue and 4th ASEAN Leaders’ Interface With ASEAN Youth အစီအစဉ်နှင့် Presentation: Overview of Youth Development in Malaysia အကြောင်းအား တင်ဆက်ခဲ့ကာ Thematic Dialogue: Empowering Youth for Sustainable ASEAN: Pact for the Future ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ပါသည်။

ဒုတိယနေ့အစီအစဉ်တွင် Thematic Dialogue (World Café): Mobilising ASEAN Youth Action on the Right to a Clean, Healthy and Sustainable Environment (RHE) ခေါင်းစဉ်များအား ဆွေးနွေးတင်ပြပြီး Forest Research Institute of Malaysia သို့လေ့လာရေး ခရီးသွားရောက်ခဲ့ပါသည်။

တတိယနေ့အစီအစဉ်အား Thematic Dialogue: ASEAN Youth and the Future ခေါင်းစဉ် ဖြင့်ဆွေးနွေးခဲ့ပြီး Kuala Lumpur Sports City သို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။

စတုတ္ထနေ့တွင် Thematic Dialogue: ASEAN Youth and Health ခေါင်းစဉ်ဖြင့် တေရဆွးနွေးခြင်းနှင့် 4th ASEAN Youth Interface with ASEAN Leaders များနှင့် တွေ့ဆုံပွဲတွင်ပါဝင်တက်ရောက်ခွင့်ရရှိပါသည်။ ဆက်လက်ပြီး Bukit Kiara Fireflies သို့ လေ့လာရေးသွားရောက်ခဲ့ပါသည်။

ပဥ္စမနေ့အစီအစဉ်အဖြစ် Taman Tugu Kuala Lumpur နှင့် Gala Dinner သို့ ပါဝင် တက်ရောက်ခဲ့ပါသည်။

မမိုးသဥ္ဇာခိုင်သည် အာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အာဆီယံလူငယ်များနှင့်အတူ SDGs (၁၇) ချက်၊ sustainable business in ASEAN, ASEAN Youth and the Future, Life cycle approach to well-being, sustainable environment စသည့် အကြောင်းအရာများကို လည်း မြန်မာနိုင်ငံ၏ လူငယ်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm