inner-new-banner-02

လှူဒါန်းမှုများ

တက္ကသိုလ်ဝင်တန်းပြန်လည်ဖြည့်ဆိုမည့် ကျောင်းသား ၊ ကျောင်းသူများအား သွားရောက်လှူဒါန်းခြင်း

(၃-၆-၂၀၂၅)နေ့ မနက်ပိုင်းတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) အသင်းဥက္ကဋ္ဌ ဦးဇော်မျိုးအောင်သည် နာယကဒေါ်ခင်ရွှေမြင့်၊ ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေ၊ အဖွဲ့ဝင်များနှင့်အတူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွာသစ်အထက(ခွဲ)တွင် ပညာသင် ကြားနေသောကျောင်းသား/သူ (၃၄၆) ဦးအတွက် ဗလာစာအုပ် (၁၆၀) ဒါဇင်၊ ခဲတံ (၁၁) ချောင်းပါသည့်ကဒ် (၃၄၆) ကဒ်၊ ကွန်ပါဘူး (၃၄၆) ဘူး၊ ကျောပိုးအိတ်အကြီး (၁၅၀) အိတ်၊ ကျောပိုးအိတ်အသေး (၁၉၆) အိတ်တို့ကို ထောက်ပံ့ကူညီလှူဒါန်းခဲ့ရာ ရွာသစ် အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမြတ်မွန်နှင့်ကျောင်းကော်မတီများမှ လက်ခံရယူခဲ့ပါသည်။
(၃-၆-၂၀၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေနှင့်အဖွဲ့ဝင်များသည် လယ်ဝေးမြို့ နယ် အထက (၂) သို့ ကျောင်းသုံးကိရိယာများလှူဒါန်းခြင်းအခမ်းအနားသို့ လယ်ဝေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းတက်ရောက်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက် ရေးအသင်း(MYDA)မှ လယ်ဝေးအ.ထ.က (၂) နှင့် အ.မ.က ရွှေပြည်အေး၊ အ.မ.က မြွေရိုးလေး၊ အ.မ.က ငှက်ပျောတော၊ အ.မ.က ဗောဓိကုန်း၊ အ.မ.က ကျောင်းကုန်း စသည့်ကျောင်းများ အတွက်ဗလာစာအုပ် (၁၀၀) ဒါဇင်၊ ခဲတံ (၁၁) ချောင်းပါကဒ် (၅၀၀) ကဒ်၊ ကွန်ပါဘူး (၂၁၀) ဘူး၊ ကျောပိုးအိတ်အကြီး (၅၀၀) အိတ်၊ ကျောပိုးအိတ်အသေး (၁၄၃၂) အိတ်တို့အား ထောက်ပံ့ကူညီလှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးသန်းကျော်ထွန်းနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ ကျောင်းသုံးပစ္စည်းများလှူဒါန်းရခြင်းအကြောင်းနှင့်အတူ မိမိတို့အသင်းအနေဖြင့် အနာဂတ် ၏သားကောင်း၊ သမီးကောင်းများဖြစ်စေမည့် လူငယ်များ၏ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန် အတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနေကြောင်း၊ လူငယ်များအနေဖြင့်လည်း ဘက်စုံ ထူးချွန်ထက်မြက်သောလူငယ်များဖြစ်အောင်ကြိုးစားကြခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊မိမိတို့အသင်းအနေဖြင့်လည်း ထူးချွန်ထက်မြက်သောလူငယ်များကို အာဆီယံနိုင်ငံများသို့ Workshop များ Forums များ နှစ်စဥ်စေလွှတ်ပေးနေပါကြောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် မြန်မာနိုင်ငံအားကစားနှင့် လူငယ်ရေးရာဗဟိုကော်မတီနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ မိမိတို့အသင်း အနေဖြင့်လည်း မျက်မှောက်ခေတ်လူငယ်များ၏ ပညာရေးနှင့်ပတ်သက်သော အခက်အခဲများ ကို တတ်နိုင်သမျှကူညီထောက်ပံ့ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်အကျိုးပြုနေပါကြောင်း ပြောကြားခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm