လှူဒါန်းမှုများ
ဧရာဝတီတိုင်းဒေသကြီးရှိ ကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ သွားရောက်လှူဒါန်းခြင်း
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)သည် (၂၀၂၅ – ၂၀၂၆) ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အ.မ.က (အင်းလပ် နောက်)၊ ကွင်းကြီးအုပ်စု (အ.မ.က သံအိုးကင်း) နှင့် (အ.မ.က မှန်ကွင်း) ရှိ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများကို ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်လ (၂) ရက်နေ့တွင်လည်ကောင်း၊ ဇွန်လ (၄) ရက်နေ့တွင် သောကြာဒူးအုပ်စု အ.မ.က ကျောက် မြောင်းနှင့် အ.မ.က ထန်းတစ်ပင်ကျောင်း၊ မြန်အောင်မြို့နယ် အ.မ.က မကျည်းစု၊ အ.မ.က ညောင်မြစ်ဆွဲနှင့် အ.မ.က ကြခတ်ချောင်းများသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဗဟိုအလုပ်အမူဆောင် (ဧရာဝတီတိုင်းတာဝန်ခံ) ဦးအောင်ဆန်းဝင်းနှင့် အဖွဲ့ဝင်များ မှ သွားရောက်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းမှုများတွင်
- ကျောပိုးအိတ်
- ဗလာစာအုပ်
- ခဲတံ
- ကွန်ပါဗူးများ
(စုစုပေါင်း-ခန့်မှန်းတန်ဖိုးငွေကျပ် (၉၄) သိန်း ခန့်) ကိုလှူဒါန်းနိုင်ခဲ့ပြီး မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း (MYDA) အနေဖြင့်ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် (၁၅) မြို့နယ်မှ အခြေခံပညာကျောင်းများကို စာရေးကိရိယာများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

