လှူဒါန်းမှုများ
စခန်းသွင်း လေ့ကျင့်သင်ကြားနေကြသော ကျောင်းသားကျောင်းသူ (၁၁၄) ဦး အား သွားရောက်လှူဒါန်းခြင်း
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ် အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် တံတားဦးမြို့နယ်တို့မှ ကျောင်းသားကျောင်းသူ (၇၈) ဦးတို့အား ဆရာဆရာမ (၃၆) ဦးတို့က စခန်းသွင်း လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါ စခန်းသွင်း လေ့ကျင့်သင်ကြား ပေးနေကြသော ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၁၄) ဦးနှင့် တာဝန်ကျ ဝန်ထမ်းများ စုစုပေါင်း (၁၅၀) ဦး အတွက် နေ့လည်စာ အာဟာရ ဒါနအဖြစ် မြန်မာ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ကျပ် (၅) သိန်းကို လှူဒါန်းခဲ့ကြပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဌ ဦးဇော်မျိုးအောင် နှင့် တိုင်းအလုပ် အမှုဆောင်များ အဖွဲ့ဝင်များက အောင်မြေသာစံမြို့နယ်အုပ်ချုပ်ရေးမှူးမှ တဆင့် အလှူငွေ ကျပ် (၅) သိန်းကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက် (၂၀-၆-၂၀၂၅) နေ့လည်ပိုင်းတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဌ ဦးဇော်မျိုးအောင် နှင့် တိုင်းအလုပ်အမှုဆောင်များ အဖွဲ့ဝင်များသည် အထက (၂၁) ကျောင်းဝန်းအတွင်းတွင် စခန်းသွင်းလေ့ကျင့်ကာ စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ကျောင်သူများအား မုန့်များ ဝေငှကာ အားပေးစကားပြောကြားခဲ့ကြပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com