inner-new-banner-02

လှူဒါန်းမှုများ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ၂၀၂၅/၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးပစ္စည်းများသွားရောက်လှူဒါန်းခြင်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ၂၀၂၅/၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်းကို

၁။ ဇွန်လ (၉) ရက်နေ့တွင် ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် တပေါင်းကွင်းရွာ (အ.မ.က တပေါင်းကွင်း) နှင့် (အ.မ.က ညောင်ပင်ဝဲ)၊ ဟင်္သာတမြို့နယ် နတ်မော်တိုက်နယ် (အ.မ.က သံနွံသနော့)နှင့် အမှတ်(၄၀)ရပ်ကွက် (အ.မ.က ပျဥ်းမချောင်း) စာသင်ကျောင်းများ တွင်ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ကွန်ပါဗူးများ စုစုပေါင်း တန်ဖိုးငွေကျပ် (၉၆) သိန်း ခန့်ကိုလည်းကောင်း။
၂။ ဇွန်လ (၁၀) ရက်နေ့တွင်ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဒေါင့်ကြီး(အ-မ-က)နှင့် ဘုရားကုန်း(အ-မ-က)၊ ကျုံပျော်မြို့နယ်(အ-မ-က) ထန်းပင် တန်းတို့တွင် ကျောင်းသုံးပစ္စည်းများတန်ဖိုး (၇၄) သိန်းခန့်တို့အားလည်းကောင်း။
၃။ ဇွန်လ (၁၁) ရက်နေ့တွင် ပုသိမ်ခရိုင် ငပုတောမြို့နယ် အခြေခံပညာမူလတန်းလွန် ကျောင်း (အ.မ.က ကံကွင်းကျေးရွာ)နှင့် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက် အောင်သပြေဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း၊ ပုသိမ်မြို့နယ် အမှတ် (၅) ရပ်ကွက် (အ.မ.က ရွှေဝတ်မူံ)အခြေခံပညာမူလွန်ကျောင်း၊ ပုသိမ်မြို့ (အ.မ.က ကွက်ပြင်ကြီး) စာသင် ကျောင်းများတွင် ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကွန်ပါဗူးများ စုစုပေါင်းတန်ဖိုးငွေကျပ် (၉၇)သိန်းခန့်ကိုလည်းကောင်း။
၄။ ဇွန်လ (၁၂) ရက်နေ့တွင် ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် (အ.မ.က တစ်တီတူး ချောင်ရွာ)နှင့် (အ.မ.က ရွာသစ်ကုန်း)၊ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် (အ.မ.က ကွင်းကြီး ကျေးရွာ)၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပသွယ် စာသင်ကျောင်းများတွင် ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကွန်ပါဗူးများစုစုပေါင်းတန်ဖိုး ငွေကျပ်(၁၀၅)သိန်းခန့်ကိုလည်းကောင်း။
၅။ ဇွန်လ (၁၃) ရက်နေ့တွင် ဟင်္သာတခရိုင် ဇလွန်မြို့နယ် အနောက်ဇပြွန်ကုန်း ဘုန်းတော်ကြီးသင်မူလတန်းကျောင်း၊ (အ.မ.က ဒိုက်အင်း)နှင့် အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဘုရားငုတ္တိုကျောင်းများတွင် ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကွန်ပါဗူးများ စုစုပေါင်း-တန်ဖိုးငွေကျပ် (၉၄)သိန်းခန့်ကိုလည်းကောင်း။
၆။ ဇွန်လ (၁၈) ရက်နေ့တွင် ဟသ်ာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်းဝင်များနှင့် မိတ်ဘက်ပရဟိတသမားများက ယမန်နေ့တွင် ကျောင်းသုံး ပစ္စည်းများ ဆက်လက်လှူဒါန်းခြင်း။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဗဟိုနာယကများဖြစ်ကြသော ဒေါ်ခင်စောမူ ဧရာဝတီတိုင်းဒေသကြီး လူမှုရေဝန်ကြီး(ငြိမ်း)၊ ဒေါက်တာထိန်ဝင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ(ငြိမ်း)နှင့် ဗဟိုအလုပ်အမှုဆောင် တိုင်းတာဝန်ခံ ဦးအောင်ဆန်းဝင်း တို့ဦးဆောင်သော အဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm