လှူဒါန်းမှုများ
မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သို့ လှူဒါန်းခဲ့သည့် မှတ်တမ်း
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် ကလေးငယ်များသို့ ကျောင်းသုံးပစ္စည်းများ ဖြန့်ဝေထောက်ပံ့ နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သို့ ကျောင်းသုံးကျောပိုးအိတ်(၇၅)လုံးအား ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက် နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

