inner-new-banner-02

လှူဒါန်းမှုများ

အမရပူရမြို့နယ်၊ ကြည့်မြင်တိုင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သို့ ကျောင်းသုံးစာအုပ်များသွားရောက်လှူဒါန်းခြင်း

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် ဗဟိုအလုပ် အမှုဆောင်များသည် ၁၀-၇-၂၀၂၅ ရက် (ကြာသပတေး) နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ကြည့်မြင်တိုင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ အမရပူရမြို့နယ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ မြန်မာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) အနေဖြင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အစား အစာများ၊ အဝတ်အထည်များနှင့် ငွေကြေးထောက်ပံ့ခဲ့မှုများပြုလုပ်ခဲ့ပါကြောင်း ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ မန္တတိုင်းလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အတွင်းရှိ ကျောင်းသုံးပစ္စည်းများ လိုအပ်လျက် ရှိသော စာသင်ကျောင်းပေါင်း (၇၀) ကျော်သို့ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း၊ ယခု ကြည့်မြင်တိုင် အခြေခံပညာအထက် ကျောင်း(ခွဲ)ရှိ ကျောင်းသူကျောင်းသားများ အတွက်လည်း ဗလာစာအုပ်၊ ခဲတံ၊ ကွန်ပါဘူး၊ ကျောပိုးလွယ်အိတ်အကြီးနှင့် ကျောပိုးလွယ်အိတ်အသေးများ (စုစုပေါင်း ကာလ တန်ဖိုး – ၁၀၀.၃၁ ကျပ်သိန်းခန့်) လှူဒါန်းပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်မြတ်မြတ်မော်မှ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ လှူဒါန်းမှု အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၎င်းနောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်မှ ကျောင်းသုံးပစ္စည်းများ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်မော်နှင့် ကျောင်း ကော်မတီဝင်များမှ လက်ခံ ရယူခဲ့ပြီးနောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် ဗဟိုအလုပ်အမှုဆောင်များသည် တက်ရောက်လာကြသည့် အမရပူရ မြို့နယ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီ အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ယူခဲ့ကြပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm