သတင်းများ
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားလုပ်ငန်းညှိနှိုင်းအစည်းအဝေသို့ တက်ရောက်ခဲ့ခြင်း
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၏ ဖိတ်ကြားချက်အရ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် Hotel Max နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားဖြစ်သည့် လူငယ် စကားဝိုင်းတွင် Moderator နှင့် Speaker အဖြစ်ဆောင်ရွက်မည့်သူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ၏ ဗဟိုအလုပ်အမှုဆောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေမှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

