inner-new-banner-02

သတင်းများ

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်
နေပြည်တော်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day)အခမ်းအနားကို “လူငယ်စွမ်းအားမှသည် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့”(Local Youth Actions For The SDGs And Beyond) ခေါင်းစဥ်ဖြင့်နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ Hotel Maxတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ (အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ) ပြည်ထောင်စုဝန်ကြီးJeng Phangနော်တောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပါသည်။

ထိုအခမ်းအနားသို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊အတွင်းရေးမှူး ဦးဝင်းလွင်ဦး၊ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေ၊စာရင်းစစ် ဦးခန့်မင်းသျှင်နှင့်နာယကများ၊ဗဟိုကော်မတီဝင်များ၊မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏အသင်းဝင်လူငယ်များတက်ရောက်ခဲ့ပါသည်။

အခမ်းအနားပထမပိုင်းအနေဖြင့် (အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရပ်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတကာလူငယ်ရေးရာ အခန်းကဏ္ဍတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်လူငယ်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအနေဖြင့် လူငယ်စကားဝိုင်းအားဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အပြည်ပြည်ဆိုင်လူငယ်များနေ့အခမ်းအနားတွင် ( Gift Box 100ခု၊ International Youth Day အထိမ်းအမှတ် T-Shirt 650 ထည် နှင့် လက်ဆွဲအိတ် 600ခု) လှူဒါန်းခဲ့သည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ရာ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့်အတူ အတွင်းရေးမှူး ဦးဝင်းလွင်ဦး ၊ စာရင်းစစ်ဦးခန့်မင်းသျှင်တို့မှ လက်ခံရယူခဲ့ပါသည် ။

အခမ်းအနား၏လူငယ်စကားဝိုင်းတွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)၏ ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေမှ Moderatorအဖြစ်ဆောင်ရွက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၏ လူငယ်ပရဟိတလုပ်ငန်းစဥ်အဖြစ် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်တွင်ပြုလုပ်သည့်လူငယ်အကျိုးပြုလုပ်ငန်းများတွင်လည်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ လူငယ်ကိုယ်စားလှယ်များ ပါဝင်လုပ်အားပေးဆောင်ရွက်ခဲ့ကြပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm