inner-new-banner-02

သတင်းများ

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် “လွမ်းမောဖွယ် တက္ကသိုလ်နေ့ရက်များစကားဝိုင်းနှင့်လူငယ်စကားဝိုင်း”ကျင်းပပြုလုပ်ရန်

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် “လွမ်းမောဖွယ် တက္ကသိုလ်နေ့ရက်များစကားဝိုင်းနှင့်လူငယ်စကားဝိုင်း”ကျင်းပပြုလုပ်ရန်အတွက် ယနေ့ ( ၁၄-၈-၂၀၂၅) ရက်နေ့တွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် ရာပြည့်သဘင်ဦးဆောင်အဖွဲ့ဝင်နှင့်မန္တလေးတက္ကသိုလ်ကျောင်းသား/ သူဟောင်းများဖြစ်ကြသော ဆရာကြီး ဦးတင်မောင်၊ဆရာကြီးဦးပိုမြင့်၊ဆရာမကြီး ဒေါက်တာသီတာဝင်း၊ဒေါ်သန်းသန်းဆွေ၊ဦးညွန့်ဇော်၊ဦးကိုကိုလွင်၊ဦးသက်နိုင်ထွန်း၊ဦးဝဏ္ဏဇင်၊ဦးအောင်ဝင်းနိုင်တို့သည် မနက်(၇:၃၀ မှ ၉:၃၀) အချိန်အထိ ၊ ၆၃ × ၁၀၇ လမ်းထောင့်ရှိ ရှဲဒိုး လက်ဖက်ရည်ဆိုင်သီးသန့်ခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm