inner-new-banner-02

ASEAN Youth ခရီးစဥ်

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် မြန်မာလူငယ်များ နိုင်ငံတကာ အတွေ့အကြုံကောင်းများ ရရှိနိုင်စေရေးအတွက် နှစ်စဉ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းချိတ်ဆက်ကာ ထူးချွန်လူငယ်များအား နိုင်ငံတကာသို့ စေလွှတ်ပေးလျက်ရှိပါသည်။

၂၀၂၅ ခုနှစ်၏ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ၂၀၂၅ ခုနှစ် မေလ ၂၂-၂၈ ရက်နေ့အထိ ကျင်းပမည့်

“Youth For A Sustainable Future: Empowering Inclusion And Driving Change In ASEAN”
“4th ASEAN Youth Dialogue 2025” and
“ASEAN Youth Interface with ASEAN Leaders during the 46th ASEAN Summit 2025”

သို့တက်ရောက်ရန် ရွေးချယ်ခြင်း ခံရသည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ထူးချွန်လူငယ်တစ်ဦး ဖြစ်သည့် ပြင်ဦးလွင်မြို့မှ မမိုးသဥ္ဇာခိုင် အတွက်အထူးဝမ်းမြောက် ဂုဏ်ယူပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ တာဝန်ရှိသူများမှလည်း ထောက်ပံ့ပေး အပ်ငွေ၊ အသင်းဝတ်စုံနှင့် အခြား လိုအပ်သည်များကို ပေါင်းစပ်ကူညီပေးခဲ့ပါသည်။

#MYDA
#Youth
#Myanmar

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

mmyda.1996@gmail.com kyawzwar63@gmail.com

Monday – Friday | 8am – 5pm