inner-new-banner-02

သတင်းများ

ASEAN Youth Leadership Conference 2025 အစီအစဉ်သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ထူးချွန်လူငယ် တက်ရောက်ခဲ့ခြင်း

ASEAN Youth Leadership Conference 2025 အစီအစဉ်ကို မလေးရှားနိုင်ငံ Royal Chulan Kualumpur Hotel တွင် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ရာ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) မှ ထူးချွန် လူငယ်ကိုယ်စားလှယ် (၂) ဦး ဖြစ်သည့် မောင်ရှိုင်းလင်းမောင်မြင့်နှင့် မအိဇင်ဖြိုးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ မလေးရှားနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး YB Adam Adli Abd Halim မှ The Future is Now: Why Young Leadership Matters ခေါင်းစဥ်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် Ms. Azura Abidi မှ Shaping Youths Future: From Potential to Action ခေါင်းစဥ်ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။ ဆက်လက်၍ Role of Youth Development ခေါင်းစဥ်ဖြင့် Dr. Mazlan binti Othman, Senior Fellow Academy of Sciences Malaysia မှ ဆွေးနွေးပို့ချခဲ့ပြီး Dr. Mohamed Maliki bin Mohamed Rapiee,
Director of International Youth Centre မှ Community LeadershipDevelopment in RuralASEAN: Insights from Kampung Angkat MADANI စာတမ်းအား ဖတ်ကြားဆွေးနွေးတင်ပြခဲ့ပါသည်။
နေ့လည်ပိုင်း အစီအစဥ် အစတွင် ASEAN ၅ နိုင်ငံမှ နိုင်ငံကိုယ်စားပြု Delegates များမှ မဲနှိုက်၍ Leadership နှင့်သက်ဆိုင်သော အကြောင်းအရာများအား Sharing လုပ်ကြပါသည်။ ထို့နောက်တွင် Ami Valdemoro Managing Director Data Asia မှဆွေးနွေးပို့ချခဲ့ပြီး AYLC Talk by Samuel Kim, Founder President Center for Asia Leadership မှ ဆွေးနွေးပို့ချခဲ့ပါသည်။
ညနေပိုင်းတွင် Welcoming Dinner အား His Highness TengkuAmir Shah IbniSultan SharafuddinIdris Shah Alhaj, Crown Prince ofSelangor မှ ဧည့်ခံပြီး မလေးရှားနိုင်ငံ၏ အက၊အလှ၊ သီချင်းများနှင့် ဖျော်ဖြေကြပါသည်။
ထို့နောက်တွင် တက်ရောက်လာသော ASEAN Youth Leader များနှင့် ရင်းနှီးချစ်ကြည်စွာ မိတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။
ဒုတိယမြောက်နေ့တွင် Forum 1 အဖြစ် Youth Leadership in Social Impact and Sustainablity ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Forum 2 အဖြစ် Digital Leadership: Navigating the Future of Technology & Ethics ခေါင်းစဥ်ဖြင့်လည်းကောင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ Professional များမှ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ASEAN လူငယ်များမှ သိလိုသည်များမေးမြန်းခဲ့ကြပါသည်။
နေ့လည်ပိုင်းအစီအစဥ်တွင် ASEAN Delegation’s Official Visit အဖြစ် Merika Makerspace သို့လေ့လာရေးသွားရောက်ခဲ့ကြပြီး စွန့်ဦးတီထွင်လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ Recycling Product များနှင့် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများအား တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တွင် ASEAN Delegates များသည် Activity အနေဖြင့် Mereka Makerspace တွင် Handmade ပစ္စည်းများကိုယ်တိုင်ပြုလုပ်ခဲ့ကြပြီး ညနေပိုင်းတွင် City Tour အဖြစ် Central Market သို့ ASEAN Delegates များ အမှတ်တရလက်ဆောင်များဝယ်ယူနိုင်ရန် ပို့ဆောင်ပေးခဲ့ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm