သတင်းများ
BUUAUN Summer Camp 2026 သို့ တက်ရောက်ရန်အတွက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ထူးချွန်လူငယ်တစ်ဦးရွေးချယ်ခံရခြင်း
နေပြည်တော်၊ မေ ၆
ထိုင်းနိုင်ငံ Burapha တက္ကသိုလ်၌၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှ ၂၁ရက်နေ့အထိကျင်းပပြုလုပ် မည့် BUUAUN Summer Camp 2026 သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)၏ အသင်းဝင်လူငယ်တစ်ဦးဖြစ်သည့် မန္တလေး တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှ မရွှန်း မြတ်မွန်ကျော် တက်ရောက်ရန် ရွေးချယ်ခြင်းခံရသည့်အတွက် အသင်းကြီးအနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ Theme မှာ “YATHA” (Youth, Assembly, Tradition, Health, and Altruism) ဖြစ်ပါသည်။
မြန်မာနိုင်ငံအပြင် အာဆီယံနိုင်ငံအသီးသီးရှိတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများလည်း ပါဝင် ကြမည်ဖြစ်ပြီး အာဆီယံဒေသအတွင်းရှိ တက္ကသိုလ်များအကြား ယဥ်ကျေးမှု ဖလှယ်ရန်၊ ဗဟုသုတများ မျှဝေရန်၊ ပိုမိုချစ်ခင်ရင်းနှီးစေရန်ရည်ရွယ်ကြောင်းသိရှိရပါသည်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)အနေဖြင့်လည်း ဂုဏ်ပြုချီးမြင့်ငွေကျပ် လေးသိန်း အားပံ့ပိုးကူညီပေးခဲ့ပါသည်။
နောင်လာမည့်အနာဂတ်တွင်လည်း နိုင်ငံတော်၏အကျိုးနှင့် အသင်းကြီး၏အကျိုးကို ပိုမို၍ပါဝင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

