inner-new-banner-02

သတင်းများ

Japan Youth Summit သို့ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ထူးချွန်လူငယ်တစ်ဦးစေလွှတ်ခဲ့ခြင်း

Youth Break the Boundaries (YBB) Foundation မှကြီးမှုး၍ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပမည့် Japan Youth Summit 2025 သို့ တက်ရောက်ရန် ရွေးချယ်ခံရသည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ဘဏ္ဍာရေးမှုး ဒေါ်ကြည်စင်ရွှေ အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Japan Youth Summit သည် နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ပြိုင်ပွဲနှင့် လူငယ်ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်ပါသည်။ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ “Pioneering Innovation for Sustainable Futures” ဟူသော အဓိကခေါင်းစဉ်အောက်တွင် အနာဂတ်လူငယ်ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့၏ စွမ်းရည်များကို မြှင့်တင်ကြရန်၊ ဒေသတွင်းနိုင်ငံများအကြောင်းစုပေါင်းအဖြေရှာနိုင်ရန် နှင့် မဟာဗျူဟာများကို အကောင်အထည်ဖော်ရန် လှုံ့ဆော်ပေးရန် ဖြစ်ပါသည်။
Japan Youth Summit တွင် ကဏ္ဍအသီးသီးမှ လာရောက်ကြသည့် မတူကွဲပြားသော နောက်ခံလူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) ကို အောင်မြင်အောင် လုပ်ဆောင်ရာတွင် ၎င်းတို့၏ ခေါင်းဆောင်မှုစွမ်းရည် များကို မြှင့်တင် အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) ဖြစ်သည့် Education (SDG 4), Economy (SDG, Industry, Innovation, and Infrastructure (SDG 9), Sustainable Cities and Communities (SDG 11), as well as Climate Action (SDG 13) အစရှိသည့် နယ်ပယ်များကို အဓိကဆွေးနွေးကြမည် ဖြစ်ပါသည်။
Japan Youth Summit တွင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒေါ်ကြည်စင်ရွှေ သည် Education (SDG 4) ကိုအဓိထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။

09-2035010 | 09-420727644

myda@mmyda.org
kyawzwar63@gmail.com

Monday – Friday | 8am – 5pm