Myanmar 2025 Youth Workshop “ONE VOICE, ONE VISION” Unity and Friendship
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) တို့မှ ဦးဆောင် ကျင်းပမည့် “လူငယ်အလုပ်ရုံဆွေးနွေးပွဲ” “One Voice, One Vision, Empowering Myanmar Youth for Unity and Friendship” တွင် လူငယ်များအကြား မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် အတူတကွ ပေါင်းစည်းနေထိုင်ခြင်း၊ လူငယ်များအတွက် ပညာရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာများအကြောင်း၊ လူငယ်များ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့် ရေရှည်တည်တံ့သော လူမှုပါတ်ဝန်းကျင်နှင့် ပါတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးသူများအနေဖြင့် ကိုခန့်မင်းရှင်၊ ကိုကျော်ကျော်ဦး၊ မနှင်းနီတြာအောင်နှင့် ကိုမောင်မျိုးတို့က ပါဝင်ဆွေးနွေးကြမှာဖြစ်ပြီး Moderator အနေဖြင့် မကြည်စင်ရွှေ မှ ဆောင်ရွက်မှာဖြစ်ပါတယ်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

