• Home
  • Services
  • Myanmar Youth Workshop 2025
  • Contact Us

” မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း “

Myanmar Youth Development Association



Phone

09-420727644


Email

mmyda.1996@gmail.com


Office

(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။



Hours

Monday – Friday
8am – 5pm

” MYDA အင်အား လူငယ်များ၏ ပေါင်းစုအားသည် နိုင်ငံအတွက်ဖြစ်ရမည်။
 တို့ပြည်ရပ်ရွာ ကောင်းကျိုးဖြာအောင် တို့စွမ်းစို့ မြန်မာတည်ဖို့ ရှေးရှုစို့။ “

သတင်းများ

ASEAN Youth Volunteer 2025 နှင့် ASEAN Youth Volunteer Forum 2025 အစီအစဉ်ကို မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁၂ ရက်မှ ၁၉ ရက်နေ့ ထိ ကျင်းပခဲ့ရာ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း မှ မောင်ခန့်မင်းရှင်သည် မြန်မာနိုင်ငံထူးချွန်လူငယ်ကိုယ်စားလှယ် တဦးအနေဖြင့် ပါဝင်တက်ရောက်

August 22, 2025August 22, 2025
Learn More 

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် “လွမ်းမောဖွယ် တက္ကသိုလ်နေ့ရက်များစကားဝိုင်းနှင့်လူငယ်စကားဝိုင်း”ကျင်းပပြုလုပ်ရန်

August 20, 2025August 20, 2025
Learn More 
← Previous 1 … 11 12 13 … 23 Next →

လှူဒါန်းမှုများ

နေပြည်တော်၊ ရန်အောင်မြင် အ.ထ.က(ခွဲ) တွင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအား သွားရောက်လှူဒါန်းခြင်း

Learn More

အသင်းအဖွဲ့၏ လုပ်ငန်းစဉ်

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) သည် လူမှုရေးကဏ္ဍများနှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို အောက်ပါ အတိုင်းကူညီ ဆောင်ရွက်သွားပါမည် –
 (က) မြန်မာနိုင်ငံတဝှမ်းရှိ လူငယ်များတွေ့ဆုံနိုင်ရေး၊ စည်းလုံးညီညွတ်ရေး၊ ရင်းနှီး ချစ်ကြည်မှုများ စဉ်ဆက်မပြတ်ရရှိနေစေရေးအတွက် လူမှုဆက်သွယ်ရေးကွန်ရက် (Social Network) တည်ဆောက်ရန်။
 (ခ) နိုင်ငံတော်အတွင်း လိုအပ်လျက်ရှိသော အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို မျိုးဆက်သစ်လူငယ်များ အပါအဝင် ပြည်သူလူထုအတွင်း ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများနှင့် စကားဝိုင်းများ ကျင်းပရန်။
 (ဂ) နိုင်ငံတကာနှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပူးပေါင်း ဆောင်ရွက်ရန်။
 (ဃ) အစိုးရဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ မြန်မာလူငယ်များ၏ အခန်းကဏ္ဍမြှင့်တင် တိုးတက်ရေး ဆောင်ရွက်ပေးနိုင်ရန်။
 (င) သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာများသို့ လိုအပ်သော အစားအစာများ၊ ဆေးဝါးများနှင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်း ထောက်ပံ့ပေးနိုင်ရန်။
 (စ) အခက်အခဲရှိသော လူငယ်များနှင့် Capacity Building အတွက် လိုအပ်သည်များကို ကူညီထောက်ပံ့နိုင်ရေးအတွက် သက်ဆိုင်ရာဒေသရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းကာ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးသွားနိုင်ရန်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ၂၀၂၄ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ

  •  (၁၁-၃-၂၀၂၄) ရက်နေ့တွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် ကျောပိုးအိတ် (၅၀) လုံး၊ ကွန်ပါဗူး (၂၀) ဗူး၊ ဗလာစာအုပ် (၂၀) ဒါဇင် နှင့် ခဲတံ (၄၈) ဒါဇင် စုစုပေါင်းငွေကျပ်တန်ဖိုး (၁,၂၆၆,၀၀ဝိ/-)ကျပ် အား လှူဒါန်းခဲ့ပါသည်။
  •  (၁၀-၄-၂၀၂၄) ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာယဉ်ကျေးလိမ္မာပြန့်ပွားရေးသင်တန်း ကျောင်းတွင် အလှူငွေ (၅၀၀,၀၀ဝိ/-) ကျပ် အားလှူဒါန်းခဲ့ပါသည်။
Learn More

“မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အထ္ထုပ္ပတ္တိအကျဉ်း”

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ Myanmar Youth Development Association (MYDA) အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် အသင်းဝင်အင်အား (၁၂၀) ဦးဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်သည့် အသင်းအဖွဲ့ စည်းမျဉ်းမူဝါဒအသစ်အရ မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းအား ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်ရရှိစေရန် လုပ်ထုံးလုပ်နည်း များနှင့်အညီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ခံ ချက်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၁ /ပြည်တွင်း / ၀၀၁၇(၂၀၂၂) ဖြင့် ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင် လက်မှတ်ရရှိခဲ့ပါသည်။
Learn More

အသင်းအဖွဲ့၏ ရည်ရွယ်ချက်

" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "

Get In Touch

ContactUs



(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။



09-2035010 | 09-420727644



myda@mmyda.org
kyawzwar63@gmail.com



Monday – Friday | 8am – 5pm

© Copyright 2023 by Myanmar Youth Development Association.