သတင်းများ
YOUTH (STORY) 2025 – THE CHANGEMAKERS သို့ တက်ရောက်ခဲ့ခြင်း
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ထူးချွန်လူငယ် တစ်ဦးဖြစ်သည့် ပြင်ဦးလွင်မြို့မှ မမိုးသဉ္ဇာခိုင် သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့မှ၂၃ ရက်နေ့ အထိကျင်းပသည့် “SHARING TOGETHER FOR ONLINE RESILIENCE AMONG YOUTH (STORY) 2025 – THE CHANGEMAKERS” သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ Southeast Asia Regional Centre for Counter-Terrorism (SEARCCT) မှ ညွှန်ကြားရေးမှုးချုပ် Datin Paduka Nur Ashikin Mohd Taib မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ Workshop သည် ဒေသတွင်းနိုင်ငံများအတွင်းရှိ လူငယ်များ Online အသုံးပြုမှုများအတွက် အသိပညာပေးခြင်းဆိုင်ရာ ဗဟုသုတများအတွက် ရယ်ရွယ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင် ပညာရှင်များမှ ပထမနေ့တွင် Understanding Online Harms & Why AI Matters နှင့် Youth-Led Innovation in PCVE-Case Studies and Discussion တို့ကို ဆွေးနွေးခဲ့ပြီး ဒုတိယနေ့တွင် Fireside Chat – Managing Risks in Social Media and Gaming Platforms, Crafting a Theory of Change, Building Sustainable Collaborations in PCVE နှင့် Responsible AI Usage & Pitfalls ဆိုသော ခေါင်းစဉ်များ ခွဲခြားဆွေးနွေးခဲ့ပါသည်။
Workshop နောက်ဆုံးနေ့တွင် တက်ရောက်လာသော အာဆီယံနိုင်ငံများနှင့် အရှေ့တီမော နိုင်ငံမှ လူငယ် (၃၀) မှ အဖွဲ့ငယ်များခွဲပြီး ခေါင်းစဉ်အသီးသီးဖြင့် ထပ်မံဆွေးနွေးခဲ့ကြရာ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ထူးချွန်လူငယ်တစ်ဦးဖြစ်သည့် ပြင်ဦးလွင်မြို့မှ မမိုးသဉ္ဇာခိုင်သည် My Identity, My Story ဖြင့်ပါဝင်ဆွေးနွေးခဲ့ပါသည်။ ညနေပိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော လူငယ်များကို ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပါသည်။
အသင်းအဖွဲ့၏ ရည်ရွယ်ချက်
" မြန်မာနိုင်ငံတွင် နေထိုင်ကြသည့်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီ နည်းပညာများနှင့် အတွေ့အကြုံကောင်းများ ရရှိစေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဒေသတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်း ပေးနိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပရဟိတစိတ်ဓာတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန် "
Get In Touch
ContactUs
(ဒ-၃၁၂) စစ်တောင်းလမ်း၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ လယ်ဝေးခရိုင်၊ နေပြည်တော်။
09-2035010 | 09-420727644
myda@mmyda.org
kyawzwar63@gmail.com

